ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့် တိုင်းတာ
နေကြပေသည်။ ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ
သားတစ် ၀ိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။
ဘာကြောင့် ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။
ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမာကြပေ၏။
အရှိန်အ၀ါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။
ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။
အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန် စိတ်မကူးမိကျချေ။
အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။
လက်ရှိသာသနာကို ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။
ရွှေမြန်မာတို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း ဘာမှမဖြစ်သလို နေတတ်၏။
ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အချင်းချင်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊
အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။
ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။
သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊
ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။
မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။
သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။
သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။
သာသနာပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။
မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့
ပရမ်းပတာ ဆောက်တည်ထားသည်မဟုတ် “ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့်
မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊
တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။
မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘ၀မှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။
ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
သွေးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။ ခြေလက်အင်္ဂါပေါင်းများစွာ
မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍
သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည်
တစ်ခြားသော တိတ္ထိတို့၏သာသနာနှင့် လုံးဝ (လုံးဝ) မတူပါပေ။
မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး
သာသနာဖြစ်ခဲ့ပါ၏။
ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု
ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏ ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊
ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။
ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင် စောင့်ရှောက်သည်ထက်
ပို၍ စောင့်ရှောက်အပ်ပါ၏။
မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။
ထို့ကြောင့် အသက်ပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော
မြတ်စွာဘုရား၏ သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။
လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့်
တည်ဆောက်ထားသော သာသနာဖြစ်ပေသည်။
ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော
သာသနာကို အသက်နှင့်လဲ၍စောင့်ရှောက်အပ်ပါ၏။
အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။
သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။
သို့မဟုတ်လျင်မူ
သင့်ကို အပေါ်ယုံဗုဒ္ဓဘာသာ၊
ရေသာခို ဗုဒ္ဓသာဝက၊
နာမည်ခံ ဗုဒ္ဓသားတော်၊
အရေခြုံ သာသနာ့ဝန်ထန်း နှင့် အခွင့်ထူးခံ ရှင်ရဟန်း ဟု
ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။
ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)
- ညွန်ကြားလွာ (3)
- ဓမ္မစာအုပ်များ (1)
- ဓမ္မ၀ါဒ (7)
- ဘာသာရေး သုတ (1)
- ဘာသာရေးသုတ (15)
- မစိုးရိမ် စာသင်သား (2)
- မိစ္ဆာဒိဌိများ (3)
- မိစ္ဆာဝါဒ (2)
- သာသနာပ ကိုးကွယ်မှု့များ (3)
- အဓမ္မ၀ါဒ ဓမ္မစေတီ (6)
- အဓမ္မ၀ါဒ မိုးပြာ (19)
- ဆောင်းပါး (10)
- ထေရ၀ါဒ (3)
- ၀ီရသူ(မစိုးရိမ်) (9)
-
►
2009
(47)
-
►
November
(16)
- `မြင့်မိုရ်တောင်တကယ်မရှိဟူသော´ မိုးပြာဂိုဏ်း၏ ဟြော...
- နိုင်ငံတော် သံဃမဟာနာယကအဖွဲ၏ ညွှန်ကြားလွှာ အမှတ် (၉...
- မြန်မာတစ်ပြည်လုံးမှာ ၀ိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေ အ၀ီစ...
- ဓမ္မစေတီ၏ဟောတရားအမှားများနှင့် သူ၏ဆရာများ(အဆက်-အပု...
- ဓမ္မစေတီဟောထားခဲ့သော တရားအမှားများ အပိုင်း(-၃-)
- ဓမ္မစေတီ ဟောတရားနှင့် သူ၏ဆရာများ (အပိုင်း-၂)
- ဓမ္မစေတီ ဥိးကောသလ္လ၏ ဆရာများ--အပိုင်း(၁)
- ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
- ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရ၀ါဒအမည်ခံ အဓ...
- ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ
- လိမ်ညာပြောတိုင်း သီလမပျက်ဟူသော ဟောပြောရေးသားချက်ကိ...
- အရဟံ ဂုဏ်တော်ကို ရွတ်ဆိုသူများသည် ဗုဒ္ဓဘာသာဝင်များ ...
- ထေရ၀ါဒဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘ...
- သာသနာကို ဖျက်စီးမည့် အဓမ္မ၀ါဒီ တို့၏ လှုပ်ရှားပုံ န...
-
►
November
(16)
သုံးပါးဂုဏ်ရှင် ပြစ်မှားလျှင်မူ
အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်
အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏
အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်ချေ၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌
သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်ချေ၏။
ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်ချေ၏။
ထို့ကြောင့် အရေးမခံချင်၊ အသုတ်သင်မခံချင်၊
ဒဏ်ခတ် မခံချင်လျှင် ဗုဒ္ဓကို မစွပ်စွဲသင့်ကြချေ၊
ဓမ္မကို မစော်ကားသင့်ကျချေ၊
သာသနာကို မဖျက်စီးသင့်ကြချေ၊
ထေရ၀ါဒကို မပုတ်ခတ်သင့်ကြချေ
ဝီရသူ(မစိုးရိမ်)
ဗုဒ္ဓ သာသနာကို တကယ်ချစ်မြတ်နိုးရင်
ဗုဒ္ဓ ရှင်မြတ်
ဟောထားအပ်သော
ပိဋကတ်ကျမ်းစာ မညီရာတို့ကို
မျက်နှာထောက်ထား မသနားနှင့်
စာအား ငွေအား ဖြန့်ဝေအားဖြင့်
တပါးဆယ်ယောက် တစ်ယောက်ဆယ်ပါး
ပြန့်ပွားနှံ့စပ်
လူ့ရပ်မြေကုန်
ဝိုင်းအုံ ပထုတ်
ဇွဲခတ်လှုပ်၍
တောထုတ်ကြကုန်လော့
သတိပြုနိုင်ကြပါစေ
ကမ္မသကာ၊ လူဗိုလ်ပါတို့
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
ဒုန်းဒုန်းကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏
အမျိုးဘာသာ၊ ကွယ်ပျောက်ရာ၏
မစိုးရိမ်စာသင်သား
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
ဒုန်းဒုန်းကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏
အမျိုးဘာသာ၊ ကွယ်ပျောက်ရာ၏
မစိုးရိမ်စာသင်သား
သင်သေသွားသော်
သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။
(ဇော်ဂျီ)
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။
(ဇော်ဂျီ)
သူတော်ကောင်း အဓိပ္ပါယ်
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
Labels
ဓမ္မ ရသ စာပေများ
နည်းပညာဆိုဒ်များ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်